နှစ်ရက်အတွင်း လူဦးရေ ၆၀၀ ကျော် စစ်ဆေးခဲ့ပြီး (၇) ဦး ပိုးတွေ့ရှိ

နှစ်ရက်အတွင်း လူဦးရေ ၆၀၀ ကျော် စစ်ဆေးခဲ့ပြီး (၇) ဦး ပိုးတွေ့ရှိ
Published 4 October 2020

မန္တလေးတိုင်းအဝင် စစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား  COVID -19 စစ်ဆေးပေးလျက်ရှိရာ နှစ်ရက်အတွင်း လူဦးရေ ၆၀၀ ကျော် စစ်ဆေးခဲ့ပြီး (၇) ဦး ပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်မယ့် ကုန်တင်ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်များထဲမှ  COVID -19 ရောဂါပိုးကင်းရှင်းကြောင်းထောက်ခံစာမပါတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များကို   COVID -19  ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိရာ နှစ်ရက်အတွင်း လူဦးရေ ၆၀၀ ကျော် စစ်ဆေးပေးနိုင်ခဲ့ပြီး (၇ ) ဦး ပိုးတွေ့ရှိခဲ့တယ်လို့  ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ပြောပါတယ်။

(Zawgyi ဖြင့် ဖတ်ရန်)

