WHO မှ အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးမရှိသေးသဖြင့် လူမှုကွန်ရက်၊ online ဈေးကွက်များတွင် ကြေညာနေသော ကိုဗစ်ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အသိအမှတ်ပြုထောက်ခံတဲ့ COVID-19 ကာကွယ်ဆေးမှာ မရှိသေးတဲ့အတွက် လူမှုကွန်ရက်၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။