COVID-19 အတည်ပြုလူနာများအနက် အသက်အကြီးဆုံး ၉၈နှစ်အရွယ် အဖွားအို ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရ

COVID-19 အတည်ပြုလူနာများအနက် အသက်အကြီးဆုံး ၉၈နှစ်အရွယ် အဖွားအို ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရ
Published 2 October 2020

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၉၈ နှစ်ရှိ အဖွားအိုမှာ ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရာမှ ရောဂါသက်သာပျောက်ကင်းသွားတာကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ နေအိမ်မှာပြန်လည်နေထိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။