တက်လာမည့် မည်သည့်အစိုးရမဆို မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေချင်ဟု ဒေသခံများ ပြောကြား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာခဲ့ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၃၀ ရက်က မြစ်ဆုံတန်ဖရဲကျေးရွာမှာ လူငယ်တွေက ရွာသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ဒေသခံ မြစ်ဆုံအရေးလှုပ်ရှားသူတွေက တက်လာမယ့် မည်သည့်အစိုးရမဆို မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။