လူအင်အားရာချီဖြင့် NLD ပါတီဝင်များနှင့် ထောက်ခံသူများ ကား၊ ဆိုင်ကယ်ယာဉ်တန်းများဖြင့် ပျဉ်းမနားမြို့နယ်အတွင်း လှည့်လည်စည်းရုံး
လူအင်အားရာချီရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေနဲ့ ထောက်ခံသူတွေဟာ ကား၊ ဆိုင်ကယ်ယာဉ်တန်းတွေနဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒီကနေ့ စက်တက်ဘာ ၃၀ ရက်က လှည့်လည်စည်းရုံးမှုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပါတီဝန်းရံသူများမှ ဆိုင်ကယ်အစီးရေငါးရာကျော်နဲ့ ကားအစီးရေတစ်ရာဝန်းကျင်ပါဝင်ခဲ့ပြီး ပျဉ်းမနားမြို့မှစတင်ထွက်ခွာခဲ့ပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိကျေးရွာများသို့လှည့်လည်စည်းရုံးတယ်လို့ သိရပါတယ်။