ကိုဗစ်လူနာများအတွက် အစွမ်းထက်ပြီး တန်ဖိုးကြီးသည့်နောက်ဆုံးပေါ်ဆေးဝါးများကို အမြန်ဆုံးဝယ်ယူဖြည့်ဆည်းပေးနေဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးပြောကြား
COVID-19 ကူးစက်ခံရတဲ့လူနာတွေ အသေအပျောက်အနည်းဆုံးဖြစ်စေဖို့အတွက် သက်ဆိုင်ရာကျန်းမာရေးတာဝန်ရှိသူတွေက နေ့မနား၊ညမအား အစွမ်းကုန် ကုသေပေးလျက်ရှိသလို ကိုဗစ်လူနာတွေအတွက် အစွမ်းထက်ပြီး တန်ဖိုးကြီးတဲ့ နောက်ဆုံးပေါ် ဆေးဝါးတွေကို အမြန်ဆုံးဝယ်ယူဖြည့်ဆည်းပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။