ပြည်သူ့ပါတီ၏ နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်သံမှ စည်းရုံးဟောပြောမည့်အစီအစဉ်တွင် စကားရပ်တစ်ချို့ ပယ်ဖျက်ခံရ၍ ဟောပြောမှုပြုလုပ်တော့မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌပြော
၈၈မျိုးဆက်ကျောင်းသားတွေ စုပေါင်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီရဲ့ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်များမှ စည်းရုံးဟောပြောတင်ပြဖို့ စီစဉ်ရာမှာ ပြည်သူတွေရဲ့ အခက်အခဲနဲ့ ပါတ်သက်တဲ့ စကားလုံးတွေ ပါဝင်နေမှုကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ပြောဟောသွားဖို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။