ပဲခူးတိုင်းအတွင်း stay at home မြို့နယ်များမှ CMP စက်ရုံများ စက်တင်ဘာ ၂၈မှစ၍ နှစ်ပတ် ယာယီပိတ်မည်

ပဲခူးတိုင်းအတွင်း stay at home မြို့နယ်များမှ CMP စက်ရုံများ စက်တင်ဘာ ၂၈မှစ၍ နှစ်ပတ် ယာယီပိတ်မည်
Published 28 September 2020

ပဲခူးတိုင်းဒေသကြီးအတွင်း Stay at Home ထုတ်ပြန်ထားတဲ့ သုံးမြို့နယ်က CMP အမျိုးအစားစက်ရုံတွေကို စက်တင် ဘာလ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အထိ နှစ်ပတ်ခန့် ယာယီပိတ်ထားမယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။