မူဆယ်တွင် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ၊ ထိန်းချုပ်ဓာတုပစ္စည်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် သိုလှောင်ထားသူဟု ယူဆရသူတစ်ဦးတို့ ဖမ်းဆီးရမိ

မူဆယ်တွင် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ၊ ထိန်းချုပ်ဓာတုပစ္စည်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် သိုလှောင်ထားသူဟု ယူဆရသူတစ်ဦးတို့ ဖမ်းဆီးရမိ
Published 28 September 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ငွေဆင်အိမ်ရာမှာရှိတဲ့ ဂိုဒေါင်တစ်လုံးကနေ သိန်း‌ပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချူပ် ဓာတုပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ တရားမဝင် သိုလှောင်ထားရှိသူလို့ ယူဆရသူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။