မန္တလေးမှ တောင်ကြီးသို့ ပြန်လာသူအမျိုးသမီးတစ်ဦးထံတွင် Covid 19 ပိုးတေ့ွခဲ့ပြီး ထိတွေ့သူ(၆) ဦးကို Quaratineထားရှိ
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ တောင်ကြီးမြို့မှ စက်တင်ဘာ (၂၅) ရက်စစ်ဆေးခဲ့သော ဓါတ်ခွဲစစ်ဆေးမှုများအရ ဓါတ်ခွဲနမူနာ ၁၂၈ မှာ ဓါတ်ခွဲနမူနာ တစ်ခုမှာသာ COVID-19 ရောဂါပိုး တေ့ွရှိခဲ့ပြီး ပိုးတွေ့ရှိခဲ့သူအမျိုးသမီးမှာမန္တလေးမြို့မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေ သို့ ပြန်လာ သူဖြစ်ကာ ထိတွေ့သူ ခြောက်ဦးကို လက်ရှိမှာ Quaratine ထားရှိထားတယ်လို့ ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်ကပြောပါတယ်