“သန်းသန်းဆွေ”လိုအပျိုကြီးမမမျိုးကအပြင်မှာရှိချင်မှရှိမှာပါ၊ ဇာတ်လမ်းတွဲထဲမှာတော့ အိုဗာအိုက်တင်ရော၊ သဘာဝကျကျရောလုပ်ခဲ့ရတယ်ဆိုပြီး “သန်း” ဆိုတဲ့ကာရိုက်တာနဲ့အမှတ်တရတွေပြောပြလာတဲ့ မြတ်သူသူ
ဒရမ်မာဇာတ်တွေအရိုက်များခဲ့တဲ့ မြတ်သူသူကတော့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာကျရာဇာတ်ရုပ်ကိုအပီအပြင်ဆုံးနဲ့သဘာဝအကျဆုံးဖြစ်အောင် သရုပ်ဆောင်ခွင့်ပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။ ဇာတ်ရဲ့အစပိုင်းမှာတော့ အိုဗာအိုက်တင်လုပ်ရတာရယ်၊ တချို့ပရိသတ်ကလည်းဇာတ်လမ်းရဲ့ဆိုလိုရင်းသဘောကိုနားမလည်ကြသေးတာကြောင့် အရမ်းဝေဖန်ခံခဲ့ရပေယ့် အခုနောက်ပိုင်းမှာတော့ “သန်းသန်းဆွေ” ကိုချစ်ပြီးအားပေးကြတဲ့အပြင် ဇာတ်လမ်းတွဲထဲမှာရော၊ အပြင်ဘဝမှာပါ “အသန်း” ကြောင့်အမှတ်တရဖြစ်ခဲ့ရတာတွေကိုအခုလိုပဲပြောပါတယ်။