ဖားကန့်တွင် ပြည်သူများအား Stay at home နေရန် အမိန့်ထုတ်ထားသော်လည်း နိုင်ငံရေးပါတီများကမူ မဲဆွယ်စည်းရုံးနိုင် ကြောင်း မြို့နယ်ရွေး/ကော်မှ ကြေညာချက် ထုတ် 

ဖားကန့်တွင် ပြည်သူများအား Stay at home နေရန် အမိန့်ထုတ်ထားသော်လည်း နိုင်ငံရေးပါတီများကမူ မဲဆွယ်စည်းရုံးနိုင် ကြောင်း မြို့နယ်ရွေး/ကော်မှ ကြေညာချက် ထုတ် 
Published 26 September 2020

ကချင်ပြည်နယ် COVID – 19 ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်းနေထိုင်သူတွေကို Stay at home နေဖို့ တင်းကြပ်စွာအမိန့်ထားပေမယ့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဖားကန့်မြို့နယ်ကို Stay at Home အဖြစ် မသတ်မှတ်ခဲ့တာကြောင့်လို့ဆိုကာ နိုင်ငံရေးပါတီတွေအနေနဲ့ Stay at Home လုပ်စရာမလိုဘဲ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာတွေနဲ့အညီ မဲဆွယ်စည်းရုံးနိုင်တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က စက်တင် ဘာ လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။