သာစည်မြို့နယ်တွင် ရန်ကုန်ပြန်နှစ်ဦးထံမှ COVID – 19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ထိစပ်ခဲ့သူများအား လိုက်လံရှာဖွေပြီး Quarantine ထားရှိ

သာစည်မြို့နယ်တွင် ရန်ကုန်ပြန်နှစ်ဦးထံမှ COVID – 19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ထိစပ်ခဲ့သူများအား လိုက်လံရှာဖွေပြီး Quarantine ထားရှိ
Published 25 September 2020

သာစည်မြို့နယ်အတွင်းရှိ QuarantineCentre နှစ်ခုက အသက် (၂၁) နှစ်အရွယ် ရန်ကုန်ပြန်အမျိုးသားတစ်ဦးနဲ့ အသက် (၂၈)နှစ်အရွယ် ရန်ကုန်ပြန်အမျိုးသမီးတစ်ဦးတို့မှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့နဲ့ ထိစပ်ခဲ့သူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါ တယ်။