လူမည်းအမျိုးသမီးတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အမေရိကန်နိုင်ငံ လူးဝစ္စဗေးလ်မြို့တွင် ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရ
ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသမီးတစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဂျူရီအဖွဲ့ရဲ့ဆုံးဖြတ်ချက်အပေါ် စက်တင်ဘာလ ၂၃ ရက်နေ့ နှောင်းပိုင်းကအမေရိကန်နိုင်ငံ လူးဝစ္စဗေးလ်မြို့မှာ လူထောင်နဲ့ချီပါဝင်တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။