နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမားရေးအထူးကောင်းမွန်လျက်ရှိပြီး သတင်းတုများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမားရေး အထူးကောင်းမွန်လျက်ရှိပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီး တဲ့ သတင်းမှားတွေ၊ချဲ့ကားရေးသားတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။