သောင်ရင်းမြစ်ကြောင်းတလျှောက်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များမှ တရားမဝင်ဖြတ်သန်းဝင်ရောက်မှုမရှိစေရေး အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေး

သောင်ရင်းမြစ်ကြောင်းတလျှောက်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များမှ တရားမဝင်ဖြတ်သန်းဝင်ရောက်မှုမရှိစေရေး အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေး
Published 23 September 2020

မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် တရားမဝင်ဖြတ်သန်းဝင်ရောက်မှု မရှိစေဖို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးစီးတဲ့အဖွဲ့စုံနဲ့ သောင်ရင်းမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ စက်လှေဂိတ်တွေကို စက်တင် ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။