တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် Covid-19ရောဂါပိုး တွေ့ရှိပြီးအသွားအလာကန့်သတ်ခဲ့ခြင်းကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးနေ
မိုင်းယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်မှုအနေနဲ့ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၆ သန်းခန့်သာရှိပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ စက်တင်ဘာ ၁၂ ရက်က Covid-19ရောဂါပိုး တွေ့ရှိပြီးနောက် အသွားအလာကန့်သတ်ခဲ့တာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးတုန့်ဆိုင်းနေတယ်လို့ သိရပါတယ်။