သီရိမဂ်လာဈေးသစ်တွင် COVID လူနာခုနှစ်ဦးထက်မနည်းရှိလာသော်လည်းကုန်စည်စီးဆင်းမှု မပျက်စေရန် ဆက်ဖွင့်ထားမည်
သီရိမဂ်လာဈေးသစ်ရဲ့ ကွမ်းရောင်းတဲ့ ဈေးတန်းမှာ COVID-19 အတည်ပြုလူနာတစ်ဦးပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ကုန်စိမ်းတန်းမှ လေးဦး ၊ ကုန်စိမ်းတန်းဂိုထောင်ရုံမှ အလုပ်သမားနှစ်ဦးအပြင် အခြားပိုးတွေ့ လူနာတစ်ဦးအားတွေ့ရှိခဲ့ပေမယ့် ကုန်စည်စီးဆင်းမှု မပျက်စေဖို့ ဈေးကိုဆက်ဖွင့်ထားမယ်လို့ လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းကပြောပါတယ်။