အပူပိုင်းမုန်တိုင်း နိုလ် အားပျော့လာသော်လည်း ဗီယက်နမ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ကာ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်

အပူပိုင်းမုန်တိုင်း နိုလ် အားပျော့လာသော်လည်း ဗီယက်နမ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ကာ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်
Published 18 September 2020

အပူပိုင်းမုန်တိုင်း နိုလ် ဟာ ကုန်းတွင်းပိုင်းကို ချဉ်းကပ်ရွေ့လျားလာချိန်မှာ အားပျော့လာနေပြီ ဖြစ်တယ်လို့ ဗီယက်နမ် မိုးလေဝသဌာနက စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်တွေကတော့ မုန်တိုင်း အရှိန်ကြောင့် နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ မိုးသည်းထန်နိုင်ကာ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။