ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ချမ်းသာသောနိုင်ငံများကသိမ်းကြုံးဝယ်ယူထားပြီးဖြစ်ကြောင်း Oxfam ဖော်ပြ
ကမ္ဘာ့လူဦးရေ ၁၃ရာခိုင်နှုန်းကိုကိုယ်စားပြုနေတဲ့ ချမ်းသာတဲ့နိုင်ငံများအုပ်စုဟာ မကြာခင်ထွက်ပေါ်လာတော့ မယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်ဝက်ကျော်ကိုဝယ်ယူထားခဲ့ကြပြီးဖြစ်တယ်လို့စက်တင်ဘာ၁၆ရက် နေ့မှာ အောက်ဖန်း(Oxfam) ကထုတ်ပြန်ခဲ့တဲ့ လေ့လာချက်အရသိရပါတယ်။