ကမ္ဘာ့စီးပွားရေးကျဆင်းမှု မျှော်မှန်းထားသလောက် မဆိုးရွားဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ OECD ပြောကြား
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေကို တန်ပြန်ဖို့ ကမ္ဘာနိုင်ငံတွေက ကြိုးပမ်းမှုရလာဒ်အဖြစ် ကမ္ဘာစီးပွားရေးကျဆင်းမှုဟာ ယခုနှစ်မှာ မျှော်လင့်ထားသလောက် ဆိုးရွားမှာမဟုတ်ဘူးလို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ OECD က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။