ကဝမြို့နယ်၊ သက္ကလတိုက်နယ်ဆေးရုံ သန့်ရှင်းရေးလုပ်သား လူနာအမှတ် ၁၂၁၃ မှတစ်ဆင့် ကူးစက်သူ ၂၆ ဦးအထိရှိလာပြီး စက်ရုံဝန်ထမ်းတစ်ဦးပါဝင်လာ
စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သက္ကလတိုက်နယ်ဆေးရုံ သန့်ရှင်းရေးဝန်ထမ်း COVID -19 positive လူနာအမှတ် ၁၂၁၃ နဲ့ ထိစပ်သူ ၇ ဦး ထပ်မံကူးစက်ခံရပြီး အထည်ချုပ် စက်ရုံဝန်ထမ်းတစ်ဦး ပါဝင်လာကာ အဲဒီလူနာမှတစ်ဆင့် ကူးစက်ခံရသူ ၂၆ ဦးထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။