Eleven Media Group ဝန်ထမ်းမိသားစုမှ ယခုနှစ်ဝါတွင်းကာလ ၆ ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းအလှူတော်ကို ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ်စာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း

Eleven Media Group ဝန်ထမ်းမိသားစုမှ ယခုနှစ်ဝါတွင်းကာလ ၆ ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းအလှူတော်ကို ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ်စာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း
Published 17 September 2020

Eleven Media Group ဝန်ထမ်းမိသားစုက ဝါတွင်းကာလမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ စာချစာသင်အလုပ်ခွင်မှာ ပျော်မွေ့တော်မူကြတဲ့ သံဃာတော်တွေအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ရန်ကုန်မြို့ အလုံမြို့နယ်ကမ်းနားလမ်းရှိ ပါဠိတက္ကသိုလ် အောင်မင်္ဂလာတိုက်သစ် စာသင်တိုက်မှာ စက်တင်ဘာလ ၁၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။