ရခိုင်ပြည်သူလူထုနှင့် အတူရပ်တည်ကြောင်း စတေကာကမ်ပိန်းပြုလုပ်ခဲ့သည့် မိတ္ထီလာတက္ကသိုလ်မှ ဗကသကျောင်းသား နှစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆို

ရခိုင်ပြည်သူလူထုနှင့် အတူရပ်တည်ကြောင်း စတေကာကမ်ပိန်းပြုလုပ်ခဲ့သည့် မိတ္ထီလာတက္ကသိုလ်မှ ဗကသကျောင်းသား နှစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆို
Published 17 September 2020

ရခိုင်ပြည်သူလူထုနဲ့ အတူ ရပ်တည်ကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေလွတ်မြောက်ရေးအတွက် မိတ္တီလာမြို့ရှိ လူစည်ကားတဲ့နေရာတွေမှာ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့ မိတ္တီလာတက္ကသိုလ်မှ ဗကသကျောင်းသားနှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုထားပြီး နောက်ထပ်ကျောင်းသားသုံးဦးကို လိုက်လံရှာဖွေလျက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။