အသက်အရွယ် ကြောင့် ဖြစ်လာတဲ့ရောဂါတွေအတွက်ကတော့ ဆေးလျှော့သောက်လို့မရဘူး - အမေများအဖွဲ့

အသက်အရွယ် ကြောင့် ဖြစ်လာတဲ့ရောဂါတွေအတွက်ကတော့ ဆေးလျှော့သောက်လို့မရဘူး - အမေများအဖွဲ့
Published 14 September 2020

ကိုဗစ်ကာလကဘယ်လောက်ကြာဦးမယ်မှန်းမသိတော့ ထမင်းတစ်နပ်တော့လျှော့စားပြီးခြိုးခြံပေမယ့် အသက်အရွယ် ကြောင့် ဖြစ်လာတဲ့ရောဂါတွေအတွက်ကတော့ ဆေးလျှော့သောက်လို့မရဘူး - အမေများအဖွဲ့

        ပြည်သူတွေအားလုံးချစ်ခင်နှစ်သက်အားပေးဆဲရှိနေကြတဲ့ အမေများအဖွဲ့ကတော့ ယခု ကိုဗစ်ကာလမှာဖျော်ဖြေပွဲတွေကလည်း မရှိတော့ ပြင်ဆင်ထားတဲ့ အဝတ်အစားဖိုးတွေတင်အရှုံးဖြစ်နေပြီး ဒီကာလမှာ အလှူရှင်တွေနည်းပါးတော့ တစ်နေ့ကိုထမင်း တစ်နပ် လျှော့စားပေမယ့် ဆေးလျှော့သောက်လို့တော့မရတဲ့အကြောင်းတွေရယ်၊ ရောဂါမဖြစ်အောင်လည်း ကိုယ့်ကိုယ်ကိုသာ ကာကွယ်ပြီး တစ်သီးတစ်သန့်လေးနေရတဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။ ပရိသတ်တွေကလည်း အခုအချိန်မှာ ကိုယ်တွေကို စိတ်ပူသလို အမေတို့ကလည်း ကိုယ့်ကိုအမြဲတမ်းလှူတန်းနေတဲ့ ထမင်းရှင်ပရိသတ်ကြီးကို စိတ်ပူလို့ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း များလည်းတောင်းပေးခဲ့ပါတယ်။

(Zawgyi)

ကိုဗစ္ကာလကဘယ္ေလာက္ၾကာဦးမယ္မွန္းမသိေတာ့ ထမင္းတစ္နပ္ေတာ့ေလ်ွာ့စားျပီးျခိဳးျခံေပမယ့္ အသက္အရြယ္ ေၾကာင့္ ျဖစ္လာတဲ့ေရာဂါေတြအတြက္ကေတာ့ ေဆးေလ်ွာ့ေသာက္လို ့မရဘူး - အေမမ်ားအဖြဲ ့ 

        ျပည္သူေတြအားလံုးခ်စ္ခင္နွစ္သက္အားေပးဆဲရွိေနၾကတဲ့ အေမမ်ားအဖြဲ ့ကေတာ့ ယခု ကိုဗစ္ကာလမွာေဖ်ာ္ေျဖပြဲေတြကလည္း မရွိေတာ့ ျပင္ဆင္ထားတဲ့ အ၀တ္အစားဖိုးေတြတင္အရႈံးျဖစ္ေနျပီး ဒီကာလမွာ အလွဴရွင္ေတြနည္းပါးေတာ့ တစ္ေန ့ကိုထမင္း တစ္နပ္ ေလ်ွာ့စားေပမယ့္ ေဆးေလ်ွာ့ေသာက္လို ့ေတာ့မရတဲ့အေၾကာင္းေတြရယ္၊ ေရာဂါမျဖစ္ေအာင္လည္း ကိုယ့္ကိုယ္ကိုသာ ကာကြယ္ျပီး တစ္သီးတစ္သန္ ့ေလးေနရတဲ့အေၾကာင္းကို အခုလိုပဲေျပာပါတယ္။ ပရိသတ္ေတြကလည္း အခုအခ်ိန္မွာ ကိုယ္ေတြကို စိတ္ပူသလို အေမတို ့ကလည္း ကိုယ့္ကိုအျမဲတမ္းလွဴတန္းေနတဲ့ ထမင္းရွင္ပရိသတ္ၾကီးကို စိတ္ပူလို ့က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုမြန္ေကာင္း မ်ားလည္းေတာင္းေပးခဲ့ပါတယ္။