မန္တလေးဘူတာကြီးမှ ရထားခရီးစဉ်များအနက် ရထား၄စင်းပြေးဆွဲမှု စတင်ရပ်နားထားပြီး ၃စင်းသာ ပြေးဆွဲမည်

မန္တလေးဘူတာကြီးမှ ရထားခရီးစဉ်များအနက် ရထား၄စင်းပြေးဆွဲမှု စတင်ရပ်နားထားပြီး ၃စင်းသာ ပြေးဆွဲမည်
Published 13 September 2020

Covid-19 ကူးစက်ဖြစ်ပွားမှုအခြေအနေတွေကြောင့် မန္တလေးဘူတာကြီးကနေ ထွက်ခွာပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေ အနက် မန္တလေး - ရန်ကုန်၊မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွေမှာပြေးဆွဲနေတဲ့ ရထားခရီးစဉ်လေးခုကို စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ထွက်ခွာပြေးဆွဲမှု ယာယီရပ်နားထားတယ်လို့ မန္တလေးဘူတာကြီးရုံပိုင်ချုပ်ကြီးထံက သိရပါတယ်။