တောင်တရုတ်ပင်လယ်တွင်တရုတ်ကိုကူညီနေသောကုမ္ပဏီများနှင့်ဆက်ဆံခြင်းမပြုရန်အာဆီယံနိုင်ငံ များကို မိုက်ပွန်ပီယိုတိုက်တွန်း
အငြင်းပွားရေပိုင်နက်မှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းနှစ်ဆယ်ကျော်လောက်ကိုလွန်ခဲ့တဲ့လမှာ အမေရိကန် ကနာမည်ပျက်စာရင်း သွင်းခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းကျွန်းတွေတည်ဆောက်နေမှုကို အကူအညီပေးနေတဲ့တရုတ် ကုမ္ပဏီတွေနဲ့ဆက်ဆံရေးဖြတ်တောက်ဖို့စက်တင်ဘာ၁၀ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုက အရှေ ့တောင်အာရှနိုင်ငံတွေကိုတိုက်တွန်းလိုက်တယ်လို့သိ ရပါတယ်။