ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု၌ ထောက်ခံခဲ့သည့် ၁၆ မဲအနက် NLD ပါတီမှ ငါးမဲပါဝင်

ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု၌ ထောက်ခံခဲ့သည့် ၁၆ မဲအနက် NLD ပါတီမှ ငါးမဲပါဝင်
Published 6 September 2020

ပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု၌ ထောက်ခံခဲ့သည့် ၁၆ မဲအနက် NLD ပါတီမှ ငါးမဲပါဝင်ပြီး တစ်ဦးတစ်ဖွဲ့တည်းက ဖြုတ်ချ၍မရဘဲ စုပေါင်းဆုံးဖြတ်သည့် ကိစ္စဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရှင်းလင်း

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ခဲ့မှုမှာ ထောက်ခံခဲ့သည့် ၁၆ မဲအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ငါးမဲပါဝင်ပြီး တစ်ဦးတစ်ဖွဲ့တည်းက ဖြုတ်ချ၍မရဘဲ စုပေါင်းဆုံးဖြတ်သည့် ကိစ္စဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက စက်တင်ဘာ ၅ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ရှင်းလင်းပြောကြားလိုက်ပါတယ် 

(Zawgyi ဖြင့် ဖတ်ရန်)

