တရုတ်နှင့်နယ်နိမိတ်ပြ ဿနာကို အိန္ဒိယဘယ်လိုဖြေရှင်းမလဲ

တရုတ်နှင့်နယ်နိမိတ်ပြ ဿနာကို အိန္ဒိယဘယ်လိုဖြေရှင်းမလဲ
Published 4 September 2020

အိန္ဒိယဟာနယ်နိမိတ်အငြင်းပွားမှုပြဿနာနဲ့ပတ်သက်ပြီး အိမ်နီးချင်းတရုတ်ကို စီးပွားရေးလက်နက်တွေ အသုံးပြုပြီးတုံ့ပြန်နေတာဖြစ်ပါတယ်။ အပလီကေးရှင်းတွေကိုပိတ်ပင်ခဲ့တဲ့အပြင် 5G စနစ်တပ်ဆင်ရာမှာ တရုတ်ကုမ္ပဏီတွေရဲ ့ကန်ထရိုက်တွေကိုဖယ်ရှားခဲ့ပြီး ဆိပ်ကမ်းတွေနဲ့အကောက်ခွန်စခန်းတွေမှာ တရုတ်ကုန်ပစ္စည်းတွေကိုပိတ်ပင်ခဲ့ပါတယ်။ မေလမတိုင်ခင် နေရာယူတပ်စွဲထားတဲ့တရုတ်စစ်သားတွေကို တရုတ်ဘက်က မဆုတ်ခွာပေးပါက အမြဲတမ်းအန္တရာယ်ရှိနေမယ့်ဆက်ဆံရေးတွေဟာထိခိုက်စေမှာဖြစ်တယ် လို့အိန္ဒိယကသတိပေးခဲ့ပါတယ်။