မြောက်ကိုရီးယားတွင် အကြီးစား စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့်ပြင်ဆင်နေဟု စောင့်ကြည့်လေ့လာရေးအဖွဲ့ ဆို
မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံတွေ ချမှတ်ထားဆဲ ဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်တွေဟာ အကြီးစား စစ်ရေးပြအခမ်းအနားတစ်ခုအတွက် လေ့ကျင့်ပြင်ဆင်နေတယ်လို့ အမေရိကန် လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ သိရပါတယ်။