မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ဓာတ်ခွဲအတည်ပြုလူနာ Case - 482 နှင့် ၎င်း၏မိသားစုဝင် ခြောက်ဦးလုံး ကျန်းမာရေးကောင်းမွန်
COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးရှိ Isolation Ward မှာ ဆေးကုသမှုခံယူနေတဲ့ ဓာတ်ခွဲအတည်ပြုလူနာ Case - 482 နဲ့ Hospital Quarantine Ward ရှိ ၎င်းရဲ့ မိသားစုဝင် ခြောက်ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
■ Zawgyi ဖြင့် ဖတ်ရန်