မြနန်းစံကျော်ရွှေနန်းတော်ရှိ ရှေးဟောင်းသမိုင်းဝင်အမြောက်များ ထိန်းသိမ်းထားသော ပြတိုက်အား တပ်မတော်မှ ရှေးဟောင်းဌာနသို့ လွှဲပြောင်းပေးအပ်
မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အတွင်း တည်ဆောက်ပြီးစီးခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် အမြောက်များကို ထိန်းသိမ်း ပြသထားတဲ့ အမြောက်ပြတိုက်ကို တပ်မတော်မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။