ရုပ်ရှင်လောကသားများအတွက် ငါးကြိမ်မြောက် အလှူအဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နဲ့ အလှူရှင်များ ပူးပေါင်းလှူဒါန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ အလှူရှင်များပူးပေါင်းပြီးတော့ ငါးကြိမ်မြောက်အလှူအဖြစ် Covid-19 ကာလမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုအဖွဲ့သားတွေအတွက် ဆန်၊ဆီ၊ပဲ၊ခေါက်ဆွဲခြောက်၊ကြက်ဥ၊ ငံပြာရည်ချက် စတဲ့ အခြေခံစာသောက်ကုန်ပစ္စည်းတွေကို သြဂုတ်လ ၂၄ရက်မှ ၁၆ရက်နေ့အထိ သုံးရက်ခွဲကာ လှူဒါန်းကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။