YRTA ၏ လုပ်ငန်းခွဲဖြစ်သည့် Water Bus သည် ၂၀၁၇ ခုနှစ်ကစတင်ခဲ့သော်လည်း လက်ရှိအထိစာရင်း မရှိသေးသည် ကမေးခွန်းထုတ်ဖွယ်ဖြစ်နေဟုဆို
YRTA ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ရေကြောင်းသယ်ယူပို့ဆောင်ရေး (Water Bus) ကို ၂၀၁၇ ခုနှစ်ကစတင်ခဲ့တာဖြစ်ပေမယ့်အခုချိန်အထိစာရင်းဇယားမရှိသေးတာဟာမေးခွန်းထုတ်ဖွယ်ဖြစ်နေတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ YRTA ၏ စီမံခန့်ခွဲမှုများသုံးသပ်ချက် အစီရင်ခံစာထုတ်ပြန်ခြင်းမိတ်ဆက်ပွဲမှာ Citizen Action for Transparency (CAFT) ရဲ့ Executive Director ဒေါ်မိုးမိုးထွန်းကပြောပါတယ်။