ချမ်းမြသာစည်တွင် တစ်ညတည်း၌ နေအိမ်နှစ်အိမ်သို့ မျက်နှာဖုံးတပ်ထားသည့်လူခုနစ်ဦးခန့်က ဓားများကိုင်ဆောင်ကာ ဝင်ရောက် ခုတ်မှုဖြစ်ပွား
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ နေအိမ်နှစ်အိမ်ကို မျက်နှာဖုံးတပ်ထားတဲ့ လူခုနစ်ဦးခန့်က ဓားတွေကိုင်ဆောင်ပြီး အိမ်ရှိလူတွေကို ဝင်ရောက်ခုတ်မှု သြဂုတ်လ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ အောင်ပင်လယ် ရဲစခန်းကနေ သိရပါတယ်။