တောင်တရုတ်ပင်လယ်၌ ဖြစ်ခဲ့သောမုန်တိုင်းအကြွင်းအကျန်ကြောင့် မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်တို့တွင် နေရာကွက်မိုးကြီးနိုင်
ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းအကြွင်းအကျန်ကြောင့် မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်တို့တွင် နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကခန့်မှန်းထားပါတယ်။