အိန္ဒိယအပါအဝင် တောင်အာရှတစ်ခွင်မှာရေလွှမ်းမိုးမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၁၃၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာလည်း သြဂုတ်လ ၁၉ ရက်နေ့က မုတ်သုံမိုး သည်းထန်မှုကြောင့် ရေလွှမ်းမိုးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး လမ်းတွေရေမြုပ်ကာ အများပြည်သူ သွားရေးလာရေးကို အကြီးအကျယ် အခက်တွေ့စေခဲ့တယ်လို့ သိရပါတယ်။