ထရန့်၏ ခေါင်းဆောင်မှုကို သမ္မတကတော်ဟောင်း မစ်ရှယ် အိုဘားမား ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ဂျိုးဘိုင်ဒင်က တိုင်းပြည်၏ ကစဉ့်ကလျား အခြေအနေများကို ရပ်တန့်ပေးမည်ဟုဆို

ထရန့်၏ ခေါင်းဆောင်မှုကို သမ္မတကတော်ဟောင်း မစ်ရှယ် အိုဘားမား ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ဂျိုးဘိုင်ဒင်က တိုင်းပြည်၏ ကစဉ့်ကလျား အခြေအနေများကို ရပ်တန့်ပေးမည်ဟုဆို
Published 19 August 2020

 

သြဂုတ်လ ၁၇ ရက်နေ့ညက စတင်ကျင်းပခဲ့တဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့မှာ သမ္မတကတော်ဟောင်း မစ်ရှယ် အိုဘားမားက လက်ရှိသမ္မတ ဒေါ်နယ်ထရန့်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ပြီး နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရွေးချယ်တင်မြှောက်ဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။