အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တွင် ရော့ကတ်ဒုံးကျည် တစ်ဒါဇင်ကျော် ကျရောက်ခဲ့ပြီးနောက် အနည်းဆုံး ဆယ်ဦး ဒဏ်ရာရ
သြဂုတ်လ ၁၈ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ ရော့ကတ်ဒုံးကျည် တစ်ဒါဇင်ကျော် ကျရောက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၁၀ဦး ဒဏ်ရာရခဲ့ပြီး ကဘူးမြို့က ပြည်ပသံရုံး တချို့ကိုလည်း လုံခြုံရေးအရ အဝင်အထွက် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်