ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ COVID-19 အတည်ပြုလူနာနှင့်လည်းထိတွေ့မှုမရှိသူ သုံးဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၇၉ဦးရှိလာ (ရုပ်သံ)
ပြည်ပသို့ခရီးသွားရာဇဝင်လည်းမရှိ၊ COVID-19 အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိတဲ့ စစ်တွေမြို့နယ်မှာနေသူ သုံးဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၇၉ဦးရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။