ယခင်နိုင်ငံံရေးဆွေးနွေးမှုလမ်းကြောင်းပုံစံအတိုင်း ဆက်လက်ဆောင်ရွက်ရန် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အစိုးရထံအကြောင်းပြန်ထားဟု ဦးဇော်ဌေးပြော(ရုပ်သံ)
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား ယခင်နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းပုံစံအတိုင်း ဆက်လက် ဆောင်ရွက် သွားဖို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က အစိုးရထံ အကြောင်းပြန်ထားပြီး အစိုးရဘက်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အကြား ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။