ကြွေးမြီဝန်ပိမှုမဖြစ်စေရန် ဂရုပြုဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီလက်ကျန်အခြေအနေအရ ကြွေးမြီခံနိုင်ရည်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း၊ ပြည်ပကြွေးမြီနဲ့ GDP အချိုးကို တွက်ချက်ဆန်းစစ်ပြီး ကြွေးမြီဝန်ပိမှုမဖြစ်စေရန် ဂရုပြုဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီလက်ကျန် အခြေအနေအရ ကြွေးမြီခံနိုင်ရည်ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားပါတယ်။