AA ခေါင်းဆောင်၏ ညီမနှင့် ယောက်ဖဖြစ်သူတို့ နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်

AA ခေါင်းဆောင်၏ ညီမနှင့် ယောက်ဖဖြစ်သူတို့ နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်
Published 7 August 2020

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့အမှုမှာ ၎င်းတို့နှစ်ဦးအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ က ဖြင့် စွဲချက်တင်အမိန့်ချမှတ်ကြောင်း ဩဂုတ် ၆ ရက်ရုံးချိန်းမှာ ရန်ကုန်မြို့အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်း၏ ပြောကြားချက်အရသိရပါတယ်