ကက်ရှ်မီးယားအုပ်ချုပ်ခွင့်ရုပ်သိမ်းမှု တစ်နှစ်ပြည့် ပါကစ္စတန်ချီတက်ပွဲတစ်ခုတွင် တိုက်ခိုက်မှုကြောင့် လူ ၃၀ ဒဏ်ရာရ (ရုပ်သံ)
အိန္ဒိယအစိုးရက၎င်းတို့ဘက်ခြမ်းကက်ရှ်မီးယားဒေသရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရုပ်သိမ်းလိုက်မှု ၁ နှစ်ပြည့်ဖြစ်တဲ့ သြဂုတ်လ ၅ ရက်နေ့က ပါကစ္စတန်ဘက်မှာချီတက်ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ရာ ခွဲထွက်ရေးအုပ်စုတစ်စုကလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့လို့ လူ ၃၀ ဒဏ်ရာရခဲ့ပါတယ်။