ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ တန်းခိုကြီးဘုရား ၁၇ ဆူအတွင်းသို့ ဝင်ရောက်ဖူးမြှော်ခွင့်ကို ပြန်လည်ပိတ်သိမ်း(ရုပ်သံ)
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်းရှိ သမိုင်းဝင်တန်းခိုကြီးဘုရား ၁၇ဆူ အတွင်းသို့ဘုရားဖူးတွေဝင်ရောက်ဖူးမြှော်ခွင့်ကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်ကာ ပြန်လည်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဘုရားဂေါပကများထံက သိရပါတယ်။