လကမ္ဘာမှသည်အင်္ဂါဂြိုဟ်သို့တရုတ်၏အာကာသခရီးရှည်

လကမ္ဘာမှသည်အင်္ဂါဂြိုဟ်သို့တရုတ်၏အာကာသခရီးရှည်
Published 24 July 2020

 

စူးစမ်းရေးယာဉ်ဟာ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကိုဝင်ရောက်မှာဖြစ်ပြီး ဂြိုဟ်ပေါ်ကိုဆင်းသက်မှာဖြစ်ပါတယ်။ ပြီးရင်တော့အင်္ဂါဂြိုဟ်မျက်နှာပြင်မှာသုတေသနလုပ်ဖို့လျှောက်သွားမယ့်ရိုဗာလေးကိုချပေးလိုက်မှာဖြစ်ပါတယ်။ စူးစမ်းရေးယာဉ်ဟာ သတ်မှတ်နေရာကိုရောက်ရှိဖို့အနည်းဆုံး မိုင် ၃၄သန်း( ကီလိုမီတာ ၅၅သန်း)ခရီးနှင်မှာ ဖြစ်ပါတယ်။ပစ်လွှတ်ပြီးနောက် ခုနှစ်လအကြာဖြစ်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ပေါ်ကိုရောက်ရှိမှာ ဖြစ်တယ်လို့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။