အစိုးရ ကြွေးမြီလက်ကျန် ၂၀၁၉ စက်တင်ဘာလကုန်အထိ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ စုစုပေါင်း ကျပ် ဘီလီယံ ၄၀၇၅၀ ရှိကြောင်း စီမံ/ဘဏ္ဍာ/စက်မှု ဒုတိယဝန်ကြီး ပြောကြား (ရုပ်သံ)
၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ရှိ အစိုးရ ကြွေးမြီလက်ကျန်ဟာ ပြည်ပကြွေးမြီ ကျပ်ဘီလီယံ ၁၅၀၀၀ ကျော်နှင့် ပြည်တွင်း ကြွေးမြီ ကျပ် ဘီလီယံ ၂၅၀၀၀ကျော်ဖြစ်ပြီး စုစုပေါင်း ကျပ်ဘီလီယံ ၄၀၀၀၀ ကျော်ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာတင်ပြခဲ့ပါတယ်။