■ နိုင်ငံတော်သမ္မတမှပေးပို့ထားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့် ၃) အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း (၁၅)ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေငြာခြင်း။
■ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီအရင်ခံစာနှင့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီအရင်ခံစာအပေါ် ပြည်သူ့ငွေစားရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီအရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း။
■ ပြည်သူ့ငွေစားရင်းပူးပေါင်းကော်မတီ၏ အစီအရင်ခံစာ (၄/၂၀၂၀)နှင့် (၅/၂၀၂၀)တို့ကို လွှတ်တော်ကသဘောတူရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း။
Source – Pyidaungsu Hluttaw