မြဝတီမြို့ရှိ Quarantine Centre များမှ ရွှေ့ပြောင်း မြန်မာလုပ်သား ၆၈ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ Quarantine Centre တွေမှာ အသွားအလာ စောင့်ကြပ်ကြည့်ရှုထားတဲ့ ထိုင်းပြန် မြန်မာလုပ်သား ၆၈ ဦးဟာ ဇူလိုင် ၁၉ ရက် ညနေပိုင်းက အစာအဆိပ်သင့်မှု ဖြစ်ပွားကာ မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသဖို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။