NLD အစိုးရ ၄ နှစ်တာအတွင်း စစ်ရှောင်များအတွက် ကျပ် ဘီလျံ ၂၀ နီးပါး ထောက်ပံ့ခဲ့ပြီး စစ်ရှောင်စခန်းများ ပိတ်နိုင်ရေး ဆောင်ရွက်နေဟုဆို
NLD အစိုးရ လေးနှစ်ကာလအတွင်း နေရပ်ရွေ့ပြောင်း စစ်ရှောင်များအတွက် ကျပ် ဘီလျံ ၂၀ နီးပါး ထောက်ပံခဲ့ပြီး စစ်ရှောင်စခန်းများ ပိတ်သိမ်းနိုင်ရေးကို စီမံချက်တွေချမှတ် ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဇူလိုင်လ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။